သူငယ်ချင်းချစ်သူနဲ့ လက်တွဲလိုက်တဲ့ ပန်းဖြု
သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် အခြေချနေထိုင်သော ချစ်သူကိုလူမင်းနှင့် စေ့စပ်ပြီး ၊ မင်္ဂလာဦးဆွမ်းကျွေးကို ဇန်န၀ါရီ ၂ ရက်နေ့တွင်ပြုလုပ်မည်ဖြစ်ကာ မင်္ဂလာဧည့်ခံပွဲအနေနှင့် သီးသန့်ပြုလုပ်သွားရန် အစီအစဉ်မရှိကြောင်း ပန်းဖြူကပြောကြားသည်။“သူနဲ့က ငယ်ငယ်ကတည်းက သူငယ်ချင်းလို၊ မောင်နှမလိုနေခဲ့တာ။ သူနိုင်ငံခြားထွက်သွားတော့ အဆက်အသွယ်ပြတ်သွားတယ်။ နောက်မှ အွန်လိုင်းမှာပြန်တွေ့တာ။ ငယ်ငယ်တုန်းက ရန်အမြဲဖြစ်နေတော့ ဒီလိုဖူးစာဆုံမယ်လို့ တွေးတောင်မတွေးမိခဲ့ဘူး”ဟုပန်းဖြူကပြောသည်။
လက်ထပ်ပြီးလျှင် မြန်မာနိုင်ငံတွင်သာ အနုပညာအလုပ်များကိုဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ပြီး ခင်ပွန်းရှိရာသို့သွားချည်ပြန်ချည်သာပြုလုပ်သွားမည်ဟု ပန်းဖြူကပြောသည်။
No comments:
Post a Comment
hih sung a ong lut ong ih u leh nau a kua mah peuhgh. it na khut tawh ban zal khut ong len in