Tuesday, 10 January 2012


ဒေါပုံမြို့နယ် အိမ်တစ်အိမ်၏ကြမ်းခင်းအောက်မှ အပူငွေ့များထွက်နေ

အပူငွေ့ထွက်ရခြင်း၏အကြောင်းရင်းကို သက်ဆိုင်ရာက အဖြေရှာနေဆဲ

Photo
7Day News Journal
ရန်ကုန်၊ ဇန်န၀ါရီ-10
ဥက္ကာကိုကို၊ ဝေယံမြတ်ဦး
ဒေါပုံမြို့နယ်၊ ဇေယျာသီရိ-၃ လမ်းရှိ နေအိမ်တစ်အိမ်တွင် နေအိမ်ရှိ ကြမ်းပြင်တိုင်ခြေရင်းမှ  ပူလောင်နေသောကြောင့်   အနီးအနားမှ နေထိုင်သူ အများအပြားလာရောက် ကြည့်ရှုနေကြပြီး သက်ဆိုင်ရာကလည်း  ဖြစ်ပွားရသည့်အကြောင်းရင်းကို  အဖြေရှာမရသေးကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၁၀နာရီခန့်က   အဆိုပါနေအိမ်အတွင်းရှိ   အိမ်တိုင်တစ်လုံး၏ခြေရင်းတွင်လွန်ကဲစွာ ပူလောင်လာသောကြောင့် နေအိမ်နှင့် အနီးအနားရှိလူများ အထိတ်တလန့်ဖြစ်ခဲ့ကြရသည်။    ဖြစ်စဉ်ကို  မြန်မာနိုင်ငံ  မီးသတ်တပ်ဖွဲ့၊ ဘူမိဗေဒဦးစီးဌာန၊ လျှပ်စစ်ဌာနမှ  တာဝန်ရှိသူများ လာရောက်စစ်ဆေးခဲသော်လည်း အကြောင်း ရင်းကို မသိရှိရသေးပေ။ ပူလောင်နေသည့် တိုင်ခြေရင်းအား အနက် နှစ်ပေခန့်တူးဖော်ကြ ရာ မီးခိုးများထွက်ရှိလာခဲ့ပြီး တူး ဖော်ထားသည့်  မြေနေရာအား ရေများ နှစ်ကြိမ်လောင်းထည့်ထားရကြောင်း သိရသည်။
“မီးသတ်ကတော့ စိုးရိမ်စရာမရှိပါဘူးလို့   ပြောသွားတာပဲ”ဟု အိမ်ပိုင်ရှင် ဒေါ်ခင်ပြည့်စုံက ပြောကြားသည်။ အဆိုပါနေအိမ်မှာ ရေသန့်ရောင်းဝယ်ရေးနှင့် လက်ဖွဲ့ပစ္စည်း
များထုပ်ပိုးခြင်းလုပ်ငန်းကို လုပ်ကိုင်ကြောင်း သိရသည်။ “မနက်ကျမှပဲသိမယ်။  အကုန်စောင့်ကြည့်နေတယ်။ စိုးရိမ်စရာမရှိဘူးလို့   အထက်အရာရှိတွေပြောသွားတယ်”ဟု အဆိုပါနေရာတွင်စောင့်ကြပ်ပေးနေသော မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက 7DayNews သို့ ပြောသည်။

No comments:

Post a Comment

hih sung a ong lut ong ih u leh nau a kua mah peuhgh. it na khut tawh ban zal khut ong len in