လွတ်လာတဲ့အလုပ်သမားရေးဆောင်ရွက်သူတွေကို ILO အရာရှိချုပ်တွေ့ဆုံ
2012-01-29
မကြာသေးခင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်အသီးသီးက ပြန်လွတ်လာတဲ့ အလုပ်သမားအရေး ဆောင်ရွက်သူ တွေကို ILO ဒုတိယညွှန်ကြားရေးမှူးချုပ် Guy Ryder နဲ့ ရန်ကုန်မြို့ ILO ရုံးတာဝန်ခံ Steve Marshall တို့က ခေါ်ယူတွေ့ဆုံ ခဲ့ပါတယ်။
ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အလုပ်သမား
အဖွဲ့ချုပ် (ILO) မှ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် ဂေးရိုက်ဒါ ရဲ့ ၎
ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို လာရောက်တွေ့ဆုံခဲ့သည်။
သူတို့ကို ILO ရုံးက ကျန်းမာရေးစစ်ဆေးရာမှာ အကူအညီပေးတယ်လို့ သွားရောက်တွေ့ဆုံခဲ့သူတဦးဖြစ်တဲ့ ကိုကျော်ကျော်က ပြောပါတယ်။
သူတို့အဖွဲ့အနေနဲ့ အလုပ်သမားသမဂ္ဂတွေပေါ်ပေါက်ရေးနဲ့အလုပ်သမားအခွင့်အရေးတွေ နားလည်အောင် ILO အကူအညီနဲ့ ပညာပေးဆွေးနွေးပွဲတွေဆောင်ရွက်ဖို့အစီအစဉ်ရှိတယ်လို့ လည်း ပြောပါတယ်။
No comments:
Post a Comment
hih sung a ong lut ong ih u leh nau a kua mah peuhgh. it na khut tawh ban zal khut ong len in