တံခါးဖွင့်ကြိုဆိုလိုက်ပါ
အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများအား ယခုနှစ်မကုန်ခင်၌ မြန်မာအစိုးရက အပြီးသတ် လွှတ်ပေးမည်ဟု ပြည်တွင်း ပြည်ပက မျှော်လင့်ထားပါသည်။ နိုင်ငံတကာမှလည်း အပြုသဘောဖြင့် တုန့်ပြန်နေပြီဖြစ်သည်။
လွတ်မြောက်ပြီးသည့် အချိန်မှစ၍ ကိုမင်းကိုနိုင်အပါအဝင် လွတ်မြောက်လာသူများ၏ ပြောဆိုချက်များကို လေ့လာကြည့်ပါက ထိုသူတို့သည် ဒီမိုကရေစီအရေး၊ တိုင်းပြည် ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး တို့အတွက် အားကြိုးမာန်တက် မဆုတ်မနစ် ဆက်လက် လုပ်ဆောင် သွားကြဦးမည့် သူများဟု ရာနှုန်းပြည့် မြင်မိပါသည်။
ထိုသူတို့၏ ခွန်အားများကို ယူ၍ နိုင်ငံတော်တွင် ဒီမိုကရေစီ ပြန့်ပွားရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းစစ် ချုပ်ငြိမ်းရေး တို့ကို အစိုးရနှင့် လက်ရှိ အတိုက်အခံများက အားကြိုးမာန်တက် လုပ်ဆောင်သင့်ပါသည်။
ထို့ကြောင့် သမ္မတ ဦးသိန်းစိန် အစိုးရ အနေနှင့် ယခု လက်ရှိ လုပ်ဆောင်နေသည့် သဘောထား ပေါ်လစီအတိုင်း အတိုက်အခံများနှင့် တွေ့ဆုံခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ခေါ် ဆွေးနွေးခြင်းများ ပြုသကဲ့သို့ ထို ကျောင်းသား ခေါင်းဆောင်ဟောင်း များကိုလည်း ခေါ်ယူတွေ့ဆုံ ဆွေးနွေးသင့်ကြောင်း၊ တံခါးဖွင့် ကြိုဆိုသင့်ကြောင်း အယ်ဒီတာ့ အာဘော်မှ အကြံပြုလိုက်ပါသည်။
No comments:
Post a Comment
hih sung a ong lut ong ih u leh nau a kua mah peuhgh. it na khut tawh ban zal khut ong len in