အမေရိကန် အထက်လွှတ်တော်အမတ် မြန်မာနိုင်ငံ သွားမယ်
2012-01-13
အမေရိကန် ရီပတ်ဘလီကင်ပါတီ အထက်လွှတ်တော်အမတ် မစ္စတာ မစ်ခ်ျ မက်ကောနဲလ်ဟာ လာမယ့် သီတင်းပတ် အစောပိုင်းမှာ မြန်မာ နိုင်ငံကို သွားမယ်လို့ မနေ့က သတင်းထုတ်ပြန်လိုက် ပါတယ်။
၂၀ဝ၃ ခုနှစ် မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လွတ်မြောက်ရေး ဥပဒေ တင်သွင်းရာတွင် ဦးဆောင်ပါဝင်သူ တဦးဖြစ်သော ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲလ် (အလယ်) အမေရိကန် အထက်လွှတ်တော်တွင် စကားပြောကြားနေပုံ ဖြစ်ပါသည်။
မြန်မာပြည်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ရော၊ မြန်မာအစိုးရအဖွဲ့ဝင်တွေနဲ့ရော တွေ့ပြီး နိုင်ငံရေး အသွင်ပြောင်းလဲမှု၊ နှစ်ဘက်အပြန်အလှန်ဆက်ဆံရေးနဲ့ ဒေသတွင်းလုံခြုံရေးကိစ္စတွေ ဆွေးနွေးမယ်လို့ ဖော်ပြထားပါတယ်။
မစ္စတာ မက်ကောနဲဟာ ဇန်န၀ါရီ ၁၅ ရက် တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကိုရောက်မှာဖြစ်ပြီး ဇန်န၀ါရီ ၁၈ ရက် ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာပါမယ်။ အထက်လွှတ်တော်အမတ် မစ္စတာ မစ်ခ်ျ မက်ကောနဲဟာ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲရေး၊ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီရေးတို့အတွက် အစဉ်တစိုက် ဆော်သြလှုပ်ရှားနေသူဖြစ်ပါတယ်။ ၂၀၀၃ ခုကစပြီး နှစ်စဉ်နှစ်တိုင်း မြန်မာအစိုးရအပေါ် စီးပွားရေးပိတ်ဆို့အရေးယူရေးကိစ္စမှာ ဦးစီးဆောင်ရွက်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေးအတွက်လည်း မပြတ်တောင်းဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်ပြီးတဲ့နောက် မကြာခဏ တယ်လီဖုန်းဆက်သွယ် ပြောဆိုခဲ့ပါတယ်။ အခု မြန်မာပြည်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံးအကြိမ် လူကိုယ်တိုင်တွေ့ဆုံရမှာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

No comments:
Post a Comment
hih sung a ong lut ong ih u leh nau a kua mah peuhgh. it na khut tawh ban zal khut ong len in