Sunday, 25 December 2011

VOA NEW

စနေ, 24 ဒီဇင်ဘာ 2011

အကျဉ်းသား သုံးထောင်နီးပါး ကျူးဘားလွှတ်မည်

 
ကျူးဘားအစိုးရက လူသားအချင်းချင်းအပေါ် စာနာထောက်ထားတဲ့ အကြောင်းပြချက်နဲ့ အကျဉ်းသား သုံးထောင်နီးပါးကို မကြာခင်ရက်ပိုင်းအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ရှိကြောင်း ကျူးဘားသမ္မတ ရာအူလ်ကက်စ်ထရို (Raul Castro) က ပြောကြားလိုက်ပါတယ်။
သောကြာနေ့က ဥပဒေပြုလွှတ်တော်အမတ်တွေကို မိန့်ခွန်းပြောကြားရင်းနဲ့ အခုလို သမ္မတ ကက်စ်ထရို က ကြေညာလိုက်တာဖြစ်ပါတယ်။
နိုင်ငံပေါင်း ၂၅ နိုင်ငံက နိုင်ငံရပ်ခြားကအကျဉ်းသား ၈၆ ဦးလည်း ပြန်လွှတ်ပေးမယ့်အကျဉ်းသား ၂,၉၀၀ ထဲမှာ ပါဝင်မယ်လို့ သမ္မတက ပြောပါတယ်။
နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေတဲ့ ရာဇ၀တ်မှုကျူးလွန်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားသူတွေကိုလည်း လွှတ်ပေးမယ့် အကျဉ်းသားတွေထဲမှာ ပါဝင်ကြောင်း ကျူးဘားမီဒီယာတွေက စောစောပိုင်းမှာ ရေးသား ဖော်ပြခဲ့ကြပါတယ်။
ကျန်းမာရေးချို့တဲ့သူတွေ၊ အမျိုးသမီးတွေ၊ အသက် ၆၀ ကျော်နေသူတွေနဲ့ အရင်က ရာဇ၀တ်ပြစ်မှု ရာဇ၀င်မရှိခဲ့တဲ့ ငယ်ရွယ်သူ အကျဉ်းသားတွေကို ပြန်လွှတ်ပေးမှာဖြစ်တယ်လို့ပြောပါတယ်။
သူလျှိုလုပ်မှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု စတဲ့အမှုမျိုးတွေနဲ့ ဖမ်းဆီးထားသူတွေ ကိုတော့ လွှတ်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ရှေ့လာမယ့်နှစ် အီစတာ အားလပ်ရက် မတိုင်ခင် ပုပ်ရဟန်းမင်းကြီး ဘန်နဒစ် ကျူးဘားနိုင်ငံကို လာရောက် လည်ပတ်မယ်လို့ ကြေညာချက်ထွက်ပြီး နှစ်ပတ်အကြာမှာ အခုလို အကျဉ်းသားတွေ လွှတ်ပေးမယ်လို့ သမ္မတက ပြောဆိုလိုက်တာဖြစ်ပါတယ်။

No comments:

Post a Comment

hih sung a ong lut ong ih u leh nau a kua mah peuhgh. it na khut tawh ban zal khut ong len in