တရုတ်အရှေ့ပိုင်း အလုပ်သမားထောင်ချီ ဆန္ဒပြ
တရုတ်နိုင်ငံအရှေ့ပိုင်း၊ နန်ကျင်းမြို့က တောင်ကိုရီးယားနိုင်ငံပိုင်
အီလက်ထရောနစ် လျှပ်စစ်ပစ္စည်း စက်ရုံက အလုပ်သမားထောင်ကျော်ဟာ အလုပ်မဆင်းဘဲ
သပိတ်မှောက် ဆန္ဒပြနေကြတယ်လို့ LD ကုမ္ပဏီကရော တရုတ်အစိုးရအရာရှိတွေကပါ
အတည်ပြုလိုက်ပါတယ်။
LD ရုပ်မြင်သံကြား၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံက အလုပ်သမား ၈ ထောင်ခန့်ဟာ နှစ်သစ်ကူး ရာသီ၊ ဆုကြေးငွေပေးဝေမှု မတရားတာကြောင့် အလုပ်မဆင်းဘဲ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
အဲဒီစက်ရုံက တောင်ကိုရီးယားနိုင်ငံသား အလုပ်သမားတွေက နှစ်သစ်ကူးဆုကြေးအဖြစ် ၆ လစာနဲ့ ညီမျှတဲ့ ငွေကြေးပမာဏကို ရရှိကြပြီး ဒေသခံတရုတ်အလုပ်သမားတွေကတော့ တလစာပဲ ဆုကြေး ရရှိကြတာကြောင့် မကျေနပ်လို့ ဆန္ဒပြ သပိတ်မှောက်နေကြတာလို့ ဆိုပါတယ်။

No comments:
Post a Comment
hih sung a ong lut ong ih u leh nau a kua mah peuhgh. it na khut tawh ban zal khut ong len in