စနေ, 31 ဒီဇင်ဘာ 2011
အီးဂရက်စ် ထူထောင်သူ ဒေါက်တာနေ၀င်းမောင် ကွယ်လွန်
Myanmar Egress တည်ထောင်သူ တဦးဖြစ်သူ
ဒေါက်တာနေ၀င်းမောင် (ခေါ်) စာရေးဆရာ အောင်ထွဋ်ဟာ ဇန်န၀ါရီ ၁ ရက်နေ့ မနက်
၁နာရီ ၁၀မိနစ်မှာ နှလုံးရောဂါနဲ့ ရန်ကုန်ဆေးရုံကြီးမှာ
ရုတ်တရက်ကွယ်လွန်သွားပါတယ်။
Myanmar Egress တည်ထောင်သူ တဦးဖြစ်သူ ဒေါက်တာနေ၀င်းမောင် (ခေါ်)
စာရေးဆရာ အောင်ထွဋ်ဟာ ဇန်န၀ါရီ ၁ ရက်နေ့ မနက် ၁နာရီ ၁၀မိနစ်မှာ
နှလုံးရောဂါနဲ့ ရန်ကုန်ဆေးရုံကြီးမှာ ရုတ်တရက်ကွယ်လွန်သွားပါတယ်။ သူဟာ
Living Color မဂ္ဂဇင်း the Voice Weekly ဂျာနယ် တည်ထောင်ခဲ့သူတဦးလည်း
ဖြစ်ပါတယ်။
ဒေါက်တာနေ၀င်းမောင်ဟာ မီဒီယာလောကမှာသာမက လူအရင်းအမြစ်ဖွံဖြိုးရေးအတွက် ဖွဲ့စည်းခဲ့ထားတဲ့ Myanmar Egress ရဲ့ အဓိက ဦးဆောင်သူတဦးဖြစ်ပါတယ်။ မကြာခင်တုန်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာအစိုးရအကြား ကြားဝင်ညှိုနှိုင်းပေးခဲ့သူအဖြစ်နဲ့လည်း သိကြပါတယ်။ ဒေါက်တာနေ၀င်းမောင်ကွယ်လွန်တာဟာ အီးဂရက်စ်အဖွဲ့အတွက် ဆုံးရှုံးမှုတရပ်ဖြစ်တယ်လို့ အီးဂရက်စ်ကို ပူးတွဲထူထောင်သူ ဦးလှမောင်ရွှေက ဗွီအိုအေကို ပြောပါတယ်။
“ အီးဂရက်စ်အနေနဲ့ Capacity Development လုပ်နေတဲ့ လုပ်ငန်းတွေရှိတယ်၊ State Building, Nation Building လုပ်ငန်းတွေမှာ လုပ်နေတာရှိတယ်။ သူ့အခန်းကဏ္ဍက ထိုက်သင့်သလောက်ပါသလို ကျနော်တို့ မြန်မာအီးဂရက်စ်မှာ သူက အရေးပါတဲ့နေရာမှာရှိတယ်။ အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးမှာလည်း အီးဂရက်စ်မှာလည်း အတတ်နိုင်ဆုံးပါဝင်တယ်။ ဒီမှာလည်း သူ့အခန်းကဏ္ဍက ပါဝင်တော့ ဒေါက်တာနေ၀င်းမောင်အနေနဲ့ ဆက်မလုပ်နိုင်တဲ့အတွက် ဒီလုပ်နေတဲ့လုပ်ငန်းတွေမှာ ကျနော်တို့အတွက် ဆုံးရှုံးမှုပါပဲ။”
ဗဟုဖွံဖြိုးရေးအဖွဲ့ အကြီးတန်းသုတေသီ ဦးတင်မောင်သန်းကလည်း အခုလို နိုင်ငံရေးအခြေအနေ အချိန်ကာလမှာ ဒေါက်တာနေ၀င်းမောင်ကွယ်လွန်တာဟာ တိုင်းပြည်အတွက် ဆုံးရှုံးမှုတရပ်ဖြစ်စေတယ်လို့ ယူဆပါတယ်။
“ဆုံးရှုံးမှုပေါ့ဗျာ။ မြန်မာပြည်မှာ အခုလို ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့အချိန်မှာ ပြုပြင်ပြောင်းလဲရေးကို စိတ်အားပြင်းပျတဲ့ လူတယောက် လက်တွေ့ကျတဲ့ လူတယောက် ဆုံးရှုံးမှုပေါ့ဗျာ။”
ဒေါက်တာနေ၀င်းမောင်ဟာ ထင်ထင်ပေါ်ပေါ်မနေပဲ နိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ ကြိုးစား ပမ်းစာလုပ်လာခဲ့သူလို့ ဦးတင်မောင်သန်းက ပြောပါတယ်။ ဒေါက်တာနေ၀င်းမောင်ရဲ့ အောင်ထွဋ်အမည်နဲ့ နိုင်ငံရေးဆောင်းပါးရေးရာမှာ ဂယက်ရိုက်တွေရှိခဲ့ပြီး၊ သူ့အပေါ် နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေက ပြင်းပြင်းထန်ထန် ဝေဖန်မှုတာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ သူယုံကြည်ရာကိုပဲ ဆက်လုပ်ခဲ့သူလို့ ဦးလှမောင်ရွှေက သုံးသပ်ပါတယ်။ သူနဲ့လုပ်ဖော်ကိုင်ဖက် နောက်တဦးဖြစ်သူ ဒေါက်တာကျော်ရင်လှိုင်ကတော့ ဒေါက်တာနေ၀င်းမောင်ကွယ်လွန်ခဲ့တယ်ဆိုပေမယ့် သူ့မှာ အောင်မြင်မှုတွေ ကျန်ခဲ့တယ်လို့ ပြောပါတယ်။
“ မြန်မာ့အီးဂရက်က အခု မြန်မာနိုင်ငံမှာ အရေးပါတဲ့ လူမှုအဖွဲ့အစည်းဖြစ်လာတယ်ဆိုတာ သူ့ရဲ့အောင်မြင်မှုတခုပဲလေ။”
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကလင်တန်လာတုန်း မြန်မာပြည်က လူမှုအဖွဲ့အစည်းကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ ဒီအထဲ ဒေါက်တာနေ၀င်းမောင်လည်း ပါဝင်ခဲ့ပါတယ်။
ဒေါက်တာနေ၀င်းမောင်ကို အဖဖြစ်သူ ဒု ဗိုလ်မှုးကြီးသန်းမောင် (အငြိမ်းစား)နဲ့ မိခင် ဒေါ်ယဉ်ယဉ်တို့ကနေ ၁၉၆၂ ခုနှစ်မှာ ဖွားမြင်ခဲ့တာပါ။ ဒါကြောင့် ကွယ်လွန်ချိန်မှာ သူဟာ အသက် ၅၀ ရှိနေပါပြီ။ ၁၉၈၈ ခုနှစ် ဆေးတက္ကသိုလ် ၁ ရန်ကုန်ကနေ MBBS ဘွဲ့ရရှိပြီး၊ ၂၀၀၄ ခုနှစ်မှာတော့ အမေရိကန်ပြည်ထောင်စု Yale တက္ကသိုလ် World Fellows Program မှာ တတ်ရောက်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ သားသမီး လေးဦးကျန်ရစ်ခဲ့ပါတယ်။

No comments:
Post a Comment
hih sung a ong lut ong ih u leh nau a kua mah peuhgh. it na khut tawh ban zal khut ong len in