ဒေါ်အောင်ဆန်းစုကြည် မီးဘေးဒုက္ခသည်တွေကို တွေ့ဆုံ
2011-12-30
မနေ့က မင်္ဂလာတောင်ညွန့်မှာ မီးလောင်ပေါက်ကွဲမှုကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်နေကြတဲ့ ဒုက္ခသည်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး လာရောက်တွေ့ဆုံပြီး လိုအပ်တဲ့ ပစ္စည်းများ လှူဒါန်းသွားပါတယ်။
၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့က
မင်္ဂလာတောင်ညွန့်မြို့နယ် မီးဘေးဒုက္ခသည်များကို မြန်မာ့
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံ အားပေးနေစဉ်။
အင်န်အယ်လ်ဒီ ပါတီက ဒီကနေ့ မင်းဓမ္မကုန်း MCC မှာ ပြုလုပ်တဲ့ တိုင်းရင်းသားဒေသအတွက် ပညာရေးရန်ပုံငွေ ရှာဖွေပွဲမှာလည်း မီးဘေးဒုက္ခသည်တွေ အတွက်ပါ အလှူငွေတွေ ကောက်ခံ စုဆောင်းခဲ့ပါတယ်။
တစ်ဆက်တည်း မင်္ဂလာတောင်ညွန့် မီးဘေးနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ဖို့ ပြင်ဆင်နေတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ရဲမှူးကြီး ဦိးအောင်ဒိုင်းက အာအက်ဖ်အေကို ပြောပါတယ်။
မီးစတင် လောင်ကျွမ်းတဲ့ နေရာအနီးက ပရဆေး ဂိုဒေါင်ထဲမှာ ပေါက်ကွဲစေနိုင်တဲ့ ယမ်းစိမ်းတွေ သိုလှောင်ထားတာကို ကြိုတင် မသိရတဲ့အတွက် ၁၅ ပေ ပေ ၂ဝ အကွာကနေ မီးငြိမ်းသတ်ဖို့ ကြိုးစားခဲ့တဲ့ မီးသတ်သမားတွေ သေရတာ ဖြစ်ကြောင်း မီးငြိမ်းသတ်ရာမှာ ကိုယ်တိုင် ပါဝင်တဲ့ မီးသတ်ဦးစီးဌာန အောက်မြန်မာပြည် ကွပ်ကဲရေးမှူး ညွှန်ကြားရေးမှူး ဦးသင်းဌေးရွှေက ပြောပါတယ်။
No comments:
Post a Comment
hih sung a ong lut ong ih u leh nau a kua mah peuhgh. it na khut tawh ban zal khut ong len in