စင်္ကာပူရှိ မြန်မာ အမျိုးသမီးတဦး သေကြောင်းကြံ
ပြီးခဲ့သည့် စနေနေ့တွင် စင်္ကာပူနိုင်ငံရှိ မြန်မာအမျိုးသမီးအစေခံတဦးသည် ခုံးကျော်တံတားတစ်ခုပေါ်မှ ယာဉ်များသွားလာနေသော လမ်းသို့ ခုန်ချခဲ့သည်ဟု စင်္ကပူသတင်းတွင်တွေ့ရသည်။
အခင်းဖြစ်ပွားသောနေရာသည် Kallang-Paya Lebar အဝေးပြေးလမ်း၊ Pan-Island အဝေးပြေးလမ်း နှင့် Sims လမ်းမကြီးတို့ ဆုံသည့်နေရာဖြစ်သည်။
အသက် ၂၇ နှစ်အရွယ် ၎င်းမိန်းကလေးသည် Katong Shopping Centre ၌ အလုပ်သမားရှာဖွေပေးရေးအေဂျင်စီ (the United Channel Employment Agency)တို့နှင့် တွေ့ဆုံခဲ့အပြီး နေ့လည် ၁၁ နာရီခန့်တွင် ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်များက ပြောသည်။
အပြာရောင်အင်္ကျီနှင့် အပြာရောင်ဂျင်းဘောင်းဘီ ဝတ်ဆင်ထားသော ၎င်းအမျိုးသမီးသည် ခုံးကျော်တံတားအစွန်းရှိ ပန်းခင်းပေါ်တွင် အားငယ်စွာရပ်ပြီး အောက်သို့ခုန်ချခဲ့သည်ဟု သူမ မခုန်ချမည် တွေ့ရှိသူများအဆိုရ သိရသည်။
ကားလမ်းပေါ်ကျလာသော အဆိုပါအမျိုးသမီးကို တက္ကစီမောင်းသူLianhe Wanbao က ကားလမ်း၏ဘေးသို့ ရွေ့ပေးပြီး ဒေသခံရဲသို့ အကြောင်းကြားခဲ့သည်ဟု သိရသည်။
သို့သော်လည်း အရေးပေါ်လူနာယာဉ်ရောက်ချိန်တွင် သူမသည် လမ်းပေါ်တွင် မှောက်လဲကာ သတိလှစ်နေဆဲဖြစ်သည်။
စင်ကာပူနိုင်ငံ ပြည်သူကာကွယ်ရေးအင်းအားအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတဦးက ဖုန်းမှာ နေ့လည် ၁၁ နာရီ ၅ မိနစ်မှာ ဝင်လာပြီး တချိန်တည်းမှာပဲ အရေးပေါ်ကားကို လွှက်လိုက်တယ်။ ၎င်းတို့က သူမကိုတွေ့တဲ့အချိန်မှာ သူမရဲ့ ညာဘက်လက်မှောင်းနဲ့ ဘယ်ဘက် ခြေထောက်ကျိုးနေတာကို တွေ့ရှိသည်ဟု ဆိုသည်။
သူမကို Tan Tock Seng ဆေးရုံရှိ အရေးပေါ်လူနာခန်းတွင် ထားရှိသည်ဟု သိရသည်။
စင်္ကာပူနိုင်ငံရှိ မြန်မာအမျိုးသမီး မခိုင်သင်ဇာ နှင့် မယဉ်ငြိမ်းပွင့် တို့အပြီး ယခုမိန်းကလေးသည် အမြင့်မှ ခုန်ချသေကြောင်းကြံမှုတွင် တတိယမြောက်ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment
hih sung a ong lut ong ih u leh nau a kua mah peuhgh. it na khut tawh ban zal khut ong len in