Friday, 2 December 2011

MYANMAR NEW

RCSS အဖွဲ့နဲ့ အစိုးရ အပစ်ရပ်ရေး လက်မှတ်ရေးထိုး

နိုဝင်ဘာ ၁၉ ရက် ဆွေးနွေးခဲ့စဉ် ကတည်းက မူအားဖြင့် သဘောတူထားတာ ဖြစ်ပါတယ်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ ဖြစ်တဲ့ RCSS (ခေါ်) SSA တောင်းပိုင်း အဖွဲ့နဲ့ မြန်မာအစိုးရ အကြား အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ကို တောင်ကြီး မြို့မှာ သောကြာနေ့က လက်မှတ်ရေးထိုး လိုက်ပြီ ဖြစ်ပါတယ်။
နိုင်ငံရေးအရ နှစ်ဘက်ဆွေးနွေးမှု တွေကို နောက်တဆင့် အနေနဲ့ ရှေ့လလောက်မှာ ဆက်လက် လုပ်ဆောင်ဖို့ ရှိတယ်လို့ အစိုးရ ကိုယ်စား ငြိမ်းချမ်းရေးကိစ္စကို ဦးဆောင် ကြိုးပမ်းနေသူ မီးရထား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဘီဘီစီကို ပြောပါတယ်။
SSA နဲ့ အပြည့်အဝ ငြိမ်းချမ်းရေး ရရှိနိုင်ဖို့ကို သင်္ကြန်မတိုင်ခင် ဆောင်ရွက်နိုင်မယ်လို့ ယူဆကြောင်း ဦးအောင်မင်းက ပြောပါတယ်။
ကချင် လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ပတ်သက်လို့လည်း ဝန်ကြီးက အပစ် အရင်ရပ်ပါမှ အပြန်အလှန် ကူးလူး ဆက်သွယ်နိုင်ပြီး ဆွေးနွေးပွဲတွေ ဆက်နိုင်မယ်၊ အပစ် အရင်ရပ်ကြဖို့ လိုတယ်လို့ မှတ်ချက်ပြု ပြောကြားသွားပါတယ်။
KIO ဘက်ကတော့ နိုင်ငံရေးဆွေးနွေးမှုကို စတင်အကောင်အထည် ဖော်လိုက်ခြင်းအားဖြင့် အပစ်ရပ်ကိစ္စဟာ ကျွဲကူးရေပါ ဖြစ်သွားမယ်လို့ ဘီဘီစီကို မနေ့က ပြောခဲ့ပါတယ်။
Aung Min
ရထားပို့ဆောင်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း
ဘီဘီစီသတင်းထောက် ကိုချိုက ဝန်ကြီး ဦးအောင်မင်းကို ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

No comments:

Post a Comment

hih sung a ong lut ong ih u leh nau a kua mah peuhgh. it na khut tawh ban zal khut ong len in