Wednesday, 7 December 2011

MYANMAR NEW

NLD ပါတီထဲ ပြန်ပြောင်းဝင်ချင်။

_ohn_kyaing_nld
NLD ပြောခွင့်ရ ဦးအုန်းကြိုင်
ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီတို့ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ မှာ ဝင်ပြိုင်မယ်လို့ ကြေညာခဲ့ အပြီးမှာ NLD ပါတီမှ ခွဲထွက်ပြီး ပြန်ဝင် လိုသူတွေ ရှိနေကြပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း လသာမြို့နယ်မှ အနိုင်ရ ပြည်သူ့လွှတ်တော် အမတ် ဦးကြည်မြင့်က NLD ပါတီဝင် အဖြစ် ပြောင်းမယ် လို့ ဘီဘီစီ ကို ပြောပါတယ်။
၂ဝ၁ဝ နှစ်တုန်း က NLD က ရွေးကောက်ပွဲ မဝင်ဘူး လို့ ဆုံးဖြတ်ခဲ့တဲ့ အတွက် ဦးကြည်မြင့်က လမ်းခွဲ ခဲ့ပေမယ့် အခု ပြန်ဝင်ဖို့ ဆုံးဖြတ်ရခြင်းက လသာမြို့နယ် မှ မဲဆန္ဒရှင် တွေဟာ NLD နဲ့ ဦးတည်ချက် တူတဲ့ အတွက် သူ့ကို မဲပေးခဲ့ ကြောင်း ဘီဘီစီ ကိုရှင်းပြပါတယ်။ မြန်မာ့ နိုင်ငံရေးမှာ လည်း ပါတီတွေ ဖေါင်းပွ များပြား နေတာ ကိုလည်း မနှစ်သက် ကြောင်း ပြောပါတယ်။
NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင် က တော့ ပါတီ ဖြတ်သန်းခဲ့စဉ်မှာ ထွက်တဲ့သူ၊ နားတဲ့သူ၊ တာဝန်မှ ရပ်ဆဲခံရသူ တွေ ရှိခဲ့ပုံ၊ တချို့ ကတော့ ကိုယ့်လမ်း ကိုယ်လျှောက်ပြီး မှ ပြန်ဝင်ရင် အခု အချိန်မှာ တော့ ဘယ်သူ့ကို ပြန်ဝင်ခွင့် ပြုမယ် မပြုဘူး ဆိုတာ မဆုံးဖြတ် ရ သေးကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။
ထွက်သွားသူ တွေ ဘက်ကလည်း NLD ဟာ စီးပွားရေး မပြေလည်တော့ဘူး၊ သက်ဆိုင်ရာကလည်း ဖိအားပေးတာကို ကြောက်လို့ မိမိ သဘောနဲ့ မိမိ ထွက်သွားသူတွေ ရှိခဲ့ကြောင်း၊ ဒါကြောင်မို့ အဆိုပါ ပုဂ္ဂိလ်တွေ ကို ပြန်လက်ခံရေး အပိုင်းမှာ တဆင့်ပြီးတဆင့် စဉ်းစားရမှာ ဖြစ်ကြောင်း၊ သတ်မှတ်ချက် အသေးစိတ် ကိုတော့ NLD မှတ်ပုံတင်ခွင့် ရပြီးမှသာ ထုတ်ဖေါ် ပြောဆိုဖို့ ရှိကြောင်း ဘီဘီစီ ကိုပြောပါတယ်။

No comments:

Post a Comment

hih sung a ong lut ong ih u leh nau a kua mah peuhgh. it na khut tawh ban zal khut ong len in