Tuesday, 13 December 2011

MYANMAR NEW

အန်အယ်လ်ဒီ မှတ်ပုံ တင်ခွင့် ရပြီ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အယ်လ်ဒီ က တရားဝင် နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံ တင်ခွင့် ရသွား ပြီဖြစ် ပါတယ်။
NLD Logo
အန်အယ်လ်ဒီ ပါတီရဲ့ အလံနဲ့ အမှတ်အသား သစ်
နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထား ခဲ့တဲ့ အန်အယ်လ်ဒီ ဟာ ဥပဒေ နည်း ဥပဒေ တွေနဲ့ ညီညွတ်တဲ့ အတွက် ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်က ပါတီ တည်ထောင် ခွင့် ပြုလိုက်တယ် လို့ အင်္ဂါ နေ့ထုတ် သတင်းစာ တွေမှာ ဖော်ပြ ထား ပါတယ်။
ပါတီရဲ့ မူဝါဒ၊ ဖွဲ့စည်းပုံ၊ အလံ၊ တံဆိပ် စတာတွေ အပြင် ပါတီ ခေါင်းဆောင် ဒုတိယ ခေါင်းဆောင်တို့ ရွေးချယ်ပြီးတဲ့ အခါမှာ နောက် တဆင့် အနေနဲ့ ပါတီမှတ်ပုံ တင်ဖို့ တင်ပြ ရမှာ ဖြစ်တယ်လို့ အန်အယ်လ်ဒီ ပြောရေး ဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
လာမယ့် တစ်ပတ် လောက်မှာ တင်ပြ နိုင်လိမ့် မယ်လို့ ခန့်မှန်း ကြောင်းလည်း သူက ဆိုပါတယ်။
ပါတီရဲ့ မူဝါဒ ဘယ်လို ရှိတယ် ဆိုတာ ကတော့ မှတ်ပုံ တင်တဲ့ အခါ ထည့်သွင်း ရမယ့် အချက်တွေ ဖြစ်တာကြောင့် လောလောဆယ် မပြောနိုင် သေးဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ အကြား တွေ့ဆုံ ဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ အပြီး ပါတီ မှတ်ပုံ တင်ခြင်း ဆိုင်ရာ ဥပဒေကို အစိုးရက ပြင်ဆင် ပေးခဲ့ပါတယ်။
အဲဒီ နောက်ပိုင်း မှာတော့ အန်အယ်လ်ဒီက ပါတီ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။
ဒီလို ဆုံးဖြတ်ခဲ့ ပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကျေကျေ နပ်နပ် လက်ခံ ရယူ တာမျိုး မဟုတ်ဘဲ ဒီဖွဲ့စည်းပုံ ရှိနေတယ် ဆိုတဲ့ အရှိကို အရှိ အတိုင်း လက်ခံ တာသာ ဖြစ်ပြီး ဒီဥပဒေ ပြင်ဆင် နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစား လုပ်ဆောင် သွားမယ် လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ အနေနဲ့ လစ်လပ် အမတ် နေရာ ၄၈ နေရာ စလုံးမှာ ဝင်ပြိုင်မယ် လို့လည်း ပြီးခဲ့တဲ့ သီတင်းပတ်က ပြောခဲ့ ပါတယ်။

No comments:

Post a Comment

hih sung a ong lut ong ih u leh nau a kua mah peuhgh. it na khut tawh ban zal khut ong len in