ငြိမ်းချမ်းစွာ စုဝေးခွင့် ဆိုင်ရာ ဉပဒေ
ဒီဇင်္ဘာလ ၂ ရက် နေ့စွဲ နဲ့
ထုတ်ပြန်တဲ့ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဉပဒေ ပုဒ်မ ၃၅၄ ပုဒ်မခွဲ
ခ အရ ငြိမ်းချမ်းစွာ စုဝေးခွင့် နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်
ဆိုင်ရာ ဉပဒေ ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က လက်မှတ်ရေးထိုး
ထုတ်ပြန်လိုက်ပါတယ်။
ဒီ ဉပဒေ အရ ပြည်သူတွေဟာ သူတို့ သဘောထား ဆန္ဒတွေကို
လွတ်လွတ်လပ်လပ် ထုတ်ဖေါ်ခွင့် ရ မရ ဆိုတာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး
ဆိုင်ရာ ဉပဒေ အကြံပေး ဦးအောင်သိန်း က ခွင့်ပြုတယ် ဆိုပေမယ့်
စည်းကမ်းချက်တွေ ထားရာမှာ စီတန်းလှည့်လည်သူ တွေအနေနဲ့ နေရာ၊ အချိန်၊
လူအင်အား နဲ့ ဦးဆောင်သူ တွေရဲ့ ကိုယ်ရေး ရာဇဝင် အကျဉ်း ကို
မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး တွေဆီ
ခွင့်ပြုချက် တောင်းခံရမယ် ဆိုတဲ့ အချက်က လွတ်လွတ်လပ်လပ် မဟုတ်ဘူး ဆိုတာ
ရှင်းကြောင်း ဘီဘီစီ ကို ပြောပါတယ်။အခြား နိုင်ငံတွေ မှာလည်း အလားတူ ခွင့်ပြုမိန့် တောင်းရတယ် ဆိုပေမယ့် သတ်မှတ်ချက် တွေ က ပိုများကြောင်း၊ ဆန္ဒပြသူ တွေဘက် က ဖျက်သိမ်းမယ် ဆိုရင်လည်း ၂၄ နာရီ ကြိုတင်ပြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ကို အသိပေးရမယ် ဆိုတာတွေ ကို ဦးအောင်သိန်းက ထောက်ပြပါတယ်။
တကယ်လို့ မိမိတို့ တောင်းဆိုတဲ့ ဆန္ဒ မပြည့်ဝ မချင်း ထိုင်သပိတ် ပုံစံ ပြမရခြင်း အကြောင်းရင်းကလည်း နေ့ရက်၊ နေရာနဲ့ အချိန် အပိုင်းအခြား သတ်မှတ် ထားတဲ့ အတွက် ဖေါက်ဖျက်ရင် ထောင်ဒဏ် ခြောက်လ နဲ့ ဒဏ်ငွေ တသောင်း အထိ ချမှတ် နိုင်ပုံတွေ ဦးအောင်သိန်း က ရှင်းပြပါတယ်။
အထူးသဖြင့် မူလတင်းကျပ်တဲ့ ဉပဒေ အရှိန်အဝါ ကြောင့် ပုဒ်မ ၅ ည လို အရေးပေါ် ဉပဒေ တွေ အပြင်၊ သီးခြား ပြဌာန်းတဲ့ ဉပဒေ တွေ အရလည်း အရေးယူနိုင်ပုံ ကို ဦးအောင်သိန်း က ဘီဘီစီ ကို ရှင်းပြပါတယ်။
No comments:
Post a Comment
hih sung a ong lut ong ih u leh nau a kua mah peuhgh. it na khut tawh ban zal khut ong len in