မြန်မာ ပြောင်းလဲမှုတွေက မလုံလောက်သေးလို့ ကလင်တန်ပြော
မြန်မာနိုင်ငံနဲ့ အမေရိကန်တို့ကြား နှစ်နိုင်ငံ ဆက်ဆံရေးကဏ္ဍသစ် ဖွင့်လှစ်နိုင်ပြီလို့ သမ္မတ ဦးသိန်းစိန်က ကလင်တန်နဲ့ တွေ့ဆုံစဉ် ထုတ်ဖော် ပြောကြား ခဲ့ပါတယ်။
အမေရိကန် ဝန်ကြီးဘက်ကလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမူဝါဒ အပြောင်းအလဲဆိုင်ရာ ဆောင်ရွက်မှု တွေဟာ အားတက်စရာ ကောင်းတယ်၊ အမေရိကန်ဘက်ကလည်း ပြုပြင်ပြောင်းလဲရေးတွေကို အားပေး ထောက်ခံသွားမယ် လို့ ပြောပါတယ်။
ဒါပေမယ့် မြန်မာအစိုးရရဲ့ ပြုပြင် ပြောင်းလဲမှု တွေဟာ အစပြုရုံပဲ ရှိသေးကြောင်း၊ မလုံလောက်သေး ကြောင်းလည်း မစ္စစ် ကလင်တန်က သတိပေး ပြောကြားပါတယ်။
ဟီလာရီ ကလင်တန်ဟာ သုံးရက်တာ မြန်မာ ခရီးစဉ်ရဲ့ ဒုတိယမြောက်နေ့မှာ မြန်မာ သမ္မတ နဲ့ တွေ့ဆုံတာပါ။
ဒီခရီးစဉ်ဟာ နှစ် ၅၀ ကျော် ကာလအတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတစ်ဦး မြန်မာနိုင်ငံကို လာရောက်တာလည်း ဖြစ်ပါတယ်။
မစ္စစ် ကလင်တန်ဟာ ကြာသပတေးညနေပိုင်းမှာ ရန်ကုန်ကို သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ညစာအတူ စားခဲ့သလို အဲဒီမတိုင်ခင်မှာ ရွှေတိဂုံ စေတီတော်ကိုလည်း သွားရောက်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်မှာ သောကြာနေ့မှာ ထပ်မံ တွေ့ဆုံပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့လည်း ရှိပါတယ်။
No comments:
Post a Comment
hih sung a ong lut ong ih u leh nau a kua mah peuhgh. it na khut tawh ban zal khut ong len in