ကချင်နဲ့ မြန်မာအစိုးရ တရုတ်မှာ တွေ့ဆုံ
မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့
ကချင် လွတ်လပ်ရေး အဖွဲ့ KIO ကိုယ်စားလှယ် တွေ တရုတ် မြန်မာနယ်စပ် တရုတ်ဘက်
ခြမ်းက ရွှေလီမြို့မှာ အင်္ဂါနေ့ ညနေ စောင်းပိုင်းက တွေ့ဆုံ ခဲ့ကြပါတယ်။
မြန်မာအစိုးရဘက်က ရထားဝန်ကြီး ဦးအောင်မင်း နဲ့အတူ
ဝန်ကြီးဟောင်းတွေ ဖြစ်တဲ့ ဦးအောင်သောင်း၊ ဦးသိန်းဇော် နောက်ပြီး ကချင်အမတ်
ဦးခက်ထိန်နန်တို့ ပါဝင်ကြပါတယ်။ ကချင်ဘက်ကတော့ KIO ဥက္ကဌ ဦးဇောင်းဟရား ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။
နှစ်ဘက်ကြား တိုက်ပွဲတွေ လအတော်ကြာ ဖြစ်ပွားနေတဲ့ အချိန်မှာ နှစ်ဘက် အဆင့်မြင့်ဆုံး ကိုယ်စားလှယ်တွေ ပထမဆုံး အကြိမ် တွေ့ဆုံကြတာလည်း ဖြစ်ပါ တယ်။
အရင်ကတော့ ကချင်ပြည်နယ်တွင်းမှာ နယ်စပ်ရေးရာ ပြည်နယ်ဝန်ကြီးဖြစ်တဲ့ ဗိုလ်မှူးကြီး သန်းအောင် ဦးစီးတဲ့ အဖွဲ့နဲ့သာ ကချင်ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့တာပါ။ ဒါပေမယ့် အဲဒီအစည်းအဝေးတွေကလည်း ပြီးခဲ့တဲ့ သုံးလကျော် ကာလ အတွင်း နှစ်ဘက် တွေ့ဆုံမှုတွေ မလုပ်နိုင်ခဲ့ပါဘူး။
အခုတွေ့ဆုံမှုမှာ တက်ရောက်တဲ့ ကိုယ်စားလှယ်တွေရဲ့ အနေအထားကို ကြည့်မယ်ဆိုရင် တော့ ထူးခြား တယ် လို့ ပြောလို့ ရနိုင်ကြောင်း ကချင် လွတ်လပ်ရေး တပ်မတော် KIA က ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။
ဒါပေမယ့် နိုင်ငံရေးအရ၊ စစ်ရေးအရ တိုးတက်မှုတွေ ရှိလာသလားဆိုတာကိုတော့ အခုချိန်မှာ ပြောဖို့ စောသေးကြောင်း သူက ပြောပါတယ်။
ကချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေကတော့ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ပါတယ်။
အခု အစည်းအဝေးမှာ ကေအိုင်အိုဘက်ကတော့ တန်းတူရေးကို အခြေခံတဲ့ နိုင်ငံရေး ဆွေးနွေးပွဲ အရင်ဖြစ်ဖို့ လိုလားနေပြီး အစိုးရ ဘက်ကတော့ အပစ်အခတ်ရပ်ရေးကို အရင် ဦးစားပေးဖို့ ဆန္ဒရှိနေတယ်လို့လည်း တရုတ် မြန်မာနယ်စပ်မှာရှိနေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
No comments:
Post a Comment
hih sung a ong lut ong ih u leh nau a kua mah peuhgh. it na khut tawh ban zal khut ong len in